Myanmar Hymn Lyrics

89
Hymn Number
452
Views
PPTX: 192
PDF: 194
Downloads
2025-09-29 20:26
Created At

Hymn 89

ကျေးဇူးတင်ခြင်းကျူး

၁။ သနားခြင်း ကျေးဇူးတော်အပေါင်း၊
ကျွန်ုပ်အောက်မေ့သောခါ၊ ချစ်ခင်စိတ်ရှိ
အံ့ဩဖွယ်ရာ ချီးမွမ်းမကုန်နိုင်ပါ။ 

၂။ ကြည့်ရှုခြင်း ကျေးဇူးတော်၊ ကျွန်ုပ်ငယ်၍ မသိနိုင်မီ၊ 
နှစ်သိမ့်စရာ အတိုင်းထက်များ၊ ကိုယ်တော် ပေးနှင့်မူပြီ။ 

၃။ ကျွန်ုပ်ပျိုစဉ်၊ ချော်လဲစရာ လမ်း၌များပြားသော်လည်း၊ 
ရွှေလက်တော်သည် ယခုတိုင်အောင်၊ ဘေးမဲ့ဆောင်ယူလေပြီ။ 

၄။ အသိန်းအသန်း ဆုတော်များကို၊ နေ့တိုင်းဆင်ခြင်လေသော်၊ 
အမြတ်ဆုံးကား သာယာသောစိတ်၊ ကျေးဇူးတင်တတ်သဘော။ 

၅။ ကောင်းမြတ်တော်မူခြင်းကို အစဉ် ကျွန်ုပ်လိုက်လံရှာဖွေ၊ 
ဘဝပြောင်းလျှင် အထက်ဘုံမှာ၊ ဂုဏ်တော်အကြောင်းကျူးအေး။

၆။ ကမ္ဘာအဆက်ဆက် ကျေးဇူးတော် သီချင်းဆိုနိုင်သော်ကား၊ 
သီချင်းသော်လည်း ကျူးသင့်အတိုင်း၊ မမီနိုင်ပါဘုရား။ (အာမင်)
 
Hymn Number:
89
Title (Myanmar):
ကျေးဇူးတင်ခြင်းကျူး
Title (English):
When all thy mercies, O my God
Composer:
N/A
Key:
N/A
Scriptures:
၁ ယော၊ ၃း၂
Category:
ခရစ်တော်ချီးမွမ်း

PPTX File

Download PPTX

Downloads: 192
PDF File

Download PDF

Downloads: 194
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.