Copy to Clipboard
၁။ ယုဒပူဇော်သက္ကာ ယဇ်ကောင်မျိုးမျိုးအသွေး၊
အပြစ်မှ လွတ်၊ စိတ်ငြိမ်းစိမ့်ငှါ၊ အလျှင်းမတတ်နိုင်လေ။
၂။ သိုးငယ်ခရစ်တော်ကား၊ ထိုယဇ်များထက် ထူးမြတ်၊
သွေးတော်အဖိုး၊ အလွန်ထိုက်စွာ၊ အပြစ်ခပ်သိမ်းလွှတ်တတ်။
၃။ အကျွန်ုပ်ယုံပါ၏၊ မြတ်ခေါင်းတော်၌ လက်တင်၊
နောင်တရလျက် အပြစ်ရှိရှိ ဝန်ချပါ၏ သခင်။
၄။ လက်ဝါးကပ်တိုင်အပေါ်၊ ကိုယ်တော်ခံသော ပြစ်ဒဏ်၊
အကျွန်ုပ်အောက်မေ့ဆင်ခြင်သော်၊ ကျွန်ုပ်အတွက် ထင့်ဝံ့။
၅။ အိုကောင်းကင်ယဇ်၊ သိုးငယ်၊ ယုံကြည်သူ ကျွတ်ရာသည်၊
ကျွန်ုပ်မြင်သော်၊ စိတ်ငြိမ် ကိုးကွယ် မေတ္တာတော် ချီးမွမ်း၏။ အာမင်
Title (Myanmar):
သိုးသငယ်တော်ကျူး
Title (English):
Not all the blood of beasts
Composer:
Lowell Mason (1792-1872)
Category:
ခရစ်တော်ချီးမွမ်း
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.