Copy to Clipboard
၁။ ငယ်စဉ်ကပင် တရားမရှာ၊ အပြစ်မျိုးမျိုးနှင့်သာ၊
ပျော်မွေ့လျက်နှင့် နှစ်ပေါင်းများစွာ နေမိပါပြီတကား။
ထပ်ဆို
အိုချစ်ခြင်း အံ့ဩဖွယ်ရာ၊ ကောင်းကင်ဘုံ စွန့်ကြွလာ၊
အသေခံပြီ လူတို့ ကိုယ်စား၊ ကရာနီကုန်းပေါ်မှာ။
၂။ ထိုကဲ့သို့ပင် အရှင်ဘုရား၊ ယုတ်ညံ့သော သစ်တိုင်မှာ
ပြစ်ကင်းသန့်ရှင်း ယေရှုရှင်အား ရိုက်ထားပါပြီတကား။
၃။ ထိုသို့ ခံရသော နေ့ရက်မှာ၊ ဓါးပြစကားကြားရ၊
နိုင်ငံတော်ကို သိမ်းသောအခါ ကျွန်ုပ်ကို အောက်မေ့ပါ။
၄။ သခင်ယေရှု မိန့်လေသည်ကား၊ ယနေ့ငါနှင့် တူစွာ၊
ပရဒိဘုံ ဘုရားထံပါး ရောက်မည်မခွဲမခွါ။
Title (Myanmar):
ချစ်ခြင်းကျူး
Title (English):
Wonderful Love
Composer:
W. G. Fischer (1835-1912)
Category:
ဝေဒနာတော်ခံခြင်း
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.