Myanmar Hymn Lyrics

173
Hymn Number
363
Views
PPTX: 180
PDF: 182
Downloads
2025-09-30 14:57
Created At

Hymn 173

ခရစ်တော်ကို ချဉ်းကပ် သီချင်းကျူး

၁။ ရှိသည်အတိုင်း ကုသိုလ်မရှိ၊ ပြစ်မှားသူတို့ သွေးတော်သွန်းပြီ၊ 
ကျွန်ုပ်ကိုလည်း ခေါ်တော်မူ၏၊ ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။

၂။ ရှိသည်အတိုင်း မနှေးမဆိုင်း၊ ကိုယ်ပြစ်စွန်းကွက် မဆေးကြောနိုင်၊
အသွေးတော်သာ တတ်စွမ်းစပ်ဆိုင်၊ ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။

၃။ ရှိသည်အတိုင်း ရန်သူဝိုင်းလျက်၊ အတွင်းကြောက်ရွံ့အပြင် နှောင့်ယှက်၊ 
ဆိုင်ပြိုင်အားကြီးမတိုးမတက်၊ ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။

၄။ ရှိသည်အတိုင်း မိုက်မဲနွမ်းပါး၊ မြဲစိတ်ချမ်းသာ အလင်းပညာ၊ 
လိုလေသမျှ ရအံ့သောငှာ၊ ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။

၅။ ရှိသည်အတိုင်း ကိုယ်တော်မြတ်သည်၊ လက်ခံပြစ်လွှတ်ဆေးကြောမူမည်၊ 
ကတိတော် ယုံသောကြောင့်ပေတည်း၊ ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။

၆။ ရှိသည်အတိုင်း မေတ္တာတော်ပင်၊ ဆီးတာသမျှ ပယ်ရှင်းပြီးလျှင်၊ 
ကိုယ်တော်ဖို့သာ ဖြစ်မည်အစဉ်၊ ချဉ်းကပ်ပါသည်၊ သိုးငယ်ဘုရား။
 
Hymn Number:
173
Title (Myanmar):
ခရစ်တော်ကို ချဉ်းကပ် သီချင်းကျူး
Title (English):
Just as I am, without one plea
Composer:
William B. Bradbury
Key:
N/A
Scriptures:
ယော၊ ၁း၂၉
Category:
ခရစ်တော်လက်ခံခြင်း

PPTX File

Download PPTX

Downloads: 180
PDF File

Download PDF

Downloads: 182
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.
Myanmar Hymn Lyrics © 2026. All rights reserved.
Acknowledgement: This website is lovingly developed for the Myanmar Christian community to make hymn lyrics easily accessible and shareable. Special thanks to all contributors, supporters, and users who inspire this project.
I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.