Copy to Clipboard
၁။ အလိုတော်ရှိရာ၊ ပြုတော်မူပါ၊ ကိုယ်တော်ရှင်အိုးထိန်း၊ ကျွန်ုပ်အိုးမြေ၊
ကိုယ်တော်ရှင်မြတ်အား၊ စောင့်နေစဉ်ခါ၊ သဘောတော်ရှိတိုင်း၊ ပုံသွင်းလုပ်ပေ။
၂။ အလိုတော်ရှိရာ၊ ပြုတော်မူပါ၊ ယနေ့စုံစမ်း၍ စစ်တော်မူပါ၊
ရှေ့တော်မှာ နှိမ့်ချ ဒူးထောက်စဉ်ခါ၊ မိုးပွင့်ထက်ဖြူအောင် ဆေးတော်မူပါ။
၃။ အလိုတော်ရှိရာ၊ ပြုတော်မူပါ၊ ဒုက္ခရောက်သည်ခါ မတော်မူပါ၊
တန်ခိုးတော်မဟာ၊ ကိုယ်တော်၌သာ၊ တို့တော်မူပြီးခါ၊ ချမ်းသာပေးပါ။
၄။ အလိုတော်ရှိရာ၊ ပြုတော်မူပါ၊ ကိုယ်တော်ရှင်မြတ်သာ အုပ်စိုးမူပါ၊
ဝိညာဉ်တော်မြတ်နှင့် ပြည့်စေပြီးခါ၊ ခရစ်တော်ဘုရား စိတ်တွင် ကိန်းပါ။ အာမင်
Title (Myanmar):
အလိုတော်ရှိရာပြုတော်မူပါကျူး
Title (English):
Have Thine own way, Lord
Composer:
George C. Stebbins
Category:
ဆက်ကပ်အပ်နှံခြင်း
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.