Copy to Clipboard
၁။ ငါ့ဝိညာဉ်နိုး ခွန်အားထုတ်စမ်း၊ ကြိုးစား၍ ရှေ့တိုးဉီး၊
သင်ပြေးရာကောင်းကင်သို့ ရောက်လမ်း၊ ရရန် ရွှေသရဖူ၊ ရရန် ရွှေသရဖူ။
၂။ မိုးတိမ်ကဲ့သို့ သက်သေအများ၊ ဝိုင်းရံလျက်ကြည့်ရှုနေ၊
လွန်ပြီး ခြေလှမ်းရာမေ့ရစ်ထား၊ ရှေ့သို့သာ တိုးတက်လေ၊ ရှေ့သို့သာ တိုးတက်လေ။
၃။ ဘုရားသခင်၏ အးပေးသံ၊ အထက်မှ ကျူးရင့်သည်၊
ဆုလာဘ်တော်ကို သင်မြင်စေရန်၊ ရွှေလက်တော် ဆန့်တန်း၏၊ ရွှေလက်တော် ဆန့်တန်း၏။
၄။ စိုးမင်းဘုရင်တို့၏ မကိုဋ်၊ ယိုယွင်းပျက်စီးသော်လည်း၊
ထိုဆုလာဘ်သည် အစဉ်တစိုက်၊ အရောင်ထွန်းတောက်လိမ့်မည်၊
အရောင်ထွန်းတောက်လိမ့်မည်။
၅။ ကယ်တင်ပိုင်ရှင် ကျေးဇူးတော်အကြောင့် ကျွန်ုပ်လမ်းဝဝင်ပြီ၊
လမ်းဆုံးရောက်သော်၊ ခြေတော်ရင်းမှာ အောင်ပန်းချထားပါမည်၊
အောင်ပန်းချထားပါမည်။
Title (Myanmar):
ကိုယ်ဝိညာဉ်ကို နှိုးဆော်ကျူး
Title (English):
Awake my soul stretch every nerve
Category:
တိုက်တွန်းနှိုးဆောင်ခြင်း
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.