Copy to Clipboard
၁။ ဖြူဝတ်လုံကို ဝတ်ဆင်သူတိုင်းမသိများစွာသောလူ၊
ထာဝရပလ္လင်တော်ရှေ့၊ အောင်ပန်းလက်ကို ကိုင်လျက်နေ၊
ကြီးသောသံနှင့် သီချင်းဆို၊ ချီးမွမ်းကုန်လေ ကျေးဇူးကို
ဤလူဘယ်က လာသနည်း၊ မြင်သောသူသည် မေးလေ၏။
၂။ ဤသူတို့သည် အာဒံသား အောက်မှာ လူ့ပြည်နေတုန်းခါ၊
ဆင်းရဲဒုက္ခခံကြ၏၊ ခုမှ လွတ်မြောက်လေခဲ့ပြီ၊
လူအပြစ်အညစ် ဆေးကြောသိုးငယ်သွေး၌ ဝတ်လုံလျှော်၊
ဖြူစင်လျက်နှင့် စွန်းမရှိ၊ သန့်ရှင်းသောသူ ဖြစ်သတည်း။
၃။ ထို့ကြောင့် သူတို့ ဗိမာန်တွင် နေရာရ ဘုရားသခင်၊
ဝတ်ကိုပြု ပလ္လင်တော် ရှေ့နေ ညအိပ်မပျော်လျက်နေ၊
နောက်တဖန် အစဉ်မပြတ် စားအသောက် မမွတ်မငတ်၊
နေရောင်ခြည် အပူအအိုက် ဘယ်ခါမျှ မထိမခိုက်။
၄။ ထိုသူတို့ ပလ္လင်တော်ဝယ်၊ ရှိတော်မူ အရှင်သိုးငယ်၊
သက်စမ်းရေ ပေါက်ရေယာဉ်နီး၊ ဆောင်သွားလျက် လုပ်ကျွေးလိမ့်မည်၊
သူတို့နှင့် ဘုရားသခင်၊ တူတကွ နေမည်အစဉ်၊
ကိုယ်တော်တိုင် သူတို့ မျက်ရည်၊ သုတ်ခမ်းစေတော်မူမည်။
Title (Myanmar):
ဖြူဝတ်လုံကို ဝတ်ဆင်သူကျူး
Title (English):
Who are these in bright array?
Category:
ကောင်းကင်ရွှေပြည်
Acknowledgement: I do not own or have permission for any of the Myanmar hymn sound files. All content is for community reference and non-commercial use only.